သံအမတ် အင်္ဂါ ၈-ပါး။ ။ ၎င်းင်း သရုပ်ကို (တမန်တော်အင်္ဂါ ၈-ပါး)၌ပြခဲ့ပြီ။
သံဂါယနာ ၆-တန်။ ။ ၎င်းင်း သရုပ်အကျယ်(သင်္ဂါယနာ ၆-တန်)မှာ ဆိုအံ့။
Saturday, July 31, 2010
Friday, July 30, 2010
ဝိ-၀ီ-၀ု-ဝေ-ဝေါ---၀ိကာရရုပ်မျိုး မှ ဝေါတော် ၃-ပါ...
ဝိကာရရုပ်မျိုး ၅-ပါး။ ။ အထူးထူး အပြားပြား ခြားနားသော အမူအရာရှိသည့်ရုပ် ၅-ပါး၊ ၎င်းင်းကို (ရုပ်၂၈-ပါး)၌ ပြခဲ့ပြီ။
ဝ-၀ါ---၀ံသ အက္ခရာမျိုး မှ ၀ါရမိတ္တု၊
ဝံသ အက္ခရာမျိုး ၆-ပါး။ ။ ကဗျာ စာပေဆိုရာ၌ အမျိုးအလိုက် ဆိုင်ရာအက္ခရာကို အစထား၍ စပ်ဆိုရကြောင်းနှင့် ဆန်းကျမ်း ဗေဒင်တို့၌ညွှန်းဆို၏။
(၁) ဒလိဒ္ဓ၀ံသ- ဆင်းရဲသားမျိုး အက္ခရာငါးလုံး'က ခ ဂ ဃ င'၊
(၂) အမစၥ၀ံသ- မွဴးမတ္မ်ိဳး အကၡရာငါးလံုး 'စ ဆ ဇ စ် ည'၊
(၃) ဂဟပတိ၀ံသ- သူၾကြယ္မ်ိဳး အကၡရာ ငါးလံုး 'ဋ ဌ ဍ ဎ ဏ ' ၊
(၄) သေဋ္ဌိဝံသ- သေဌေးမျိုး အက္ခရာငါးလုံး 'တ ထ ဒ ဓ န'
(၅) ရတနတ္တယ၀ံသ- ရတနာသုံးပါး အက္ခရာမျိုးငါးလုံး 'ပ ဖ ဗ ဘ မ'၊
(၆) ဗြဟ္မဏ၀ံသ- ဗြဟ္မဏမျိုး အက္ခရာရှစ်လုံး 'ယ ရ လ ၀ သ ဟ ဠ အ'။

Wednesday, July 28, 2010
လိ-လူ-လူး-လေ-လေး-လဲ-လော-လျ-လျှ-လွ-လှ-လွှ---လိင် ၆-ပ...
လိင် ၆-ပါး။ ။ အများအားဖြင့် သဒ္ဒါအရာ၌ ရွေးချယ်စိစစ် သုံးနှုန်းကြသောအရာ ၆-ပါး။
(၁) ဣတ္ထိလိင်- မ, နှင့်ဆိုင်သော သဒ္ဒါများ၊
(၂) ပုလ္လိင်- ဖို, နှင့်ဆိုင်သော သဒ္ဒါများ၊
(၃) နပုလ္လိင်- ဖို, မ မဟုတ်သော အရာများ၊
(၄) ဒွိလိင်- နှစ်လိင်နှင့် ဆိုင်သော အရာများ၊
(၅) တိလိင်- သုံးလိင်နှင့်ဆိုင်သော အရာများ၊
(၆) အလိင်- လိင်ကြောင့် ပြောင်းလဲခြင်း မရှိသော သဒ္ဒါများ။

လ-လာ---လ ၁၂-ပါး၊ မှ လာဘ်ပေး ၃-မျိုး၊
လ ၁၂-ပါး၊ မည်ထူးခြား၊ ၄-ပါး လ အမည်။ ။ ၎င်းင်းသုတေသန သရုပ်ကို
(ဆယ့်နှစ်လခွင်၊ အမည်တွင်၊ ၄-အင် အမည်ထူး) ဟူသည်၌ ရှင်းပြခဲ့ပြီ။
(ဆယ့်နှစ်လခွင်၊ အမည်တွင်၊ ၄-အင် အမည်ထူး) ဟူသည်၌ ရှင်းပြခဲ့ပြီ။
ရော-ရို-ရှ-ရှိ-ရွှေ---ရောဂါပျောက်ငြိမ်း မှ ရွှေသာလျေ...
ရောဂါ ပျောက်ငြိမ်းကြောင်း တရား ၁၀-ပါး။ ။ ဒသင်္ဂုတ္တရ ။ပါ။ ၃၄၂။ ဋ္ဌ။ ၃၁၇။ ဂိရိမာနန္ဒသုတ်၌ ရောဂါပျောက်ငြိမ်းရေးအတွက် ၎င်းင်းသညာ ၁၀-ပါးကိုဟောကြားညွန်ပြတော်မူ၏။
(၁) အနိစ္စ သညာ - သင်္ခါရတရား၏မမြဲစွဲမှု၌ပွားရှုမှတ်ခြင်း၊
(၂) အနတ္တသညာ- အစိုင်အခဲမြဲစွဲစွာ မတည်နေခြင်း ဟူသော၊
(၃) အသုဘ သညာ - မတင့်တယ်ဟူသော
(၄) အာဒီန၀ သညာ - ကိုးစားရာ မရှိ ဆင်းရဲအတိဟူသော၊
(၅) ပဟာန သညာ- ပယ်ရှားစွန့်ပစ်ရေး ဟူသော၊
(၆) ၀ိရာဂ သညာ - တပ်မက်ကင်းရေးဟူသော၊
(၇) နိရောဓ သညာ - ချုပ်ငြိမ်း ပြတ်စဲခြင်း ဟူသော၊
(၈) အန ဘိရတိ သညာ - လောကကြီး၌မွေ့လျော်ဘွယ်မရှိဟူသော၊
(၉) အနိစ္ဆာ သညာ - ပြုပြင်ရသော လောက၌အလိုမဲ့ခြင်း၊
(၁၀) အာနာပါနဿတိ - ထွက်သက်ဝင်သက်ကို အောက်မေ့ခြင်း။

Tuesday, July 27, 2010
ရာ-ရု-ရူ-ရေ-ရဲ---ရာဂီမျိုး ၅-ပါး။ မှ ရဲဘော် ၃...
ရာဂီမျိုး ၅-ပါး။ ။ ဓာတ်တပါးတို့အား စွဲကပ်ညစ်ညူးစေတတ်သောဓာတ်မျိုး ငါးပါး။
(၁) ပြဒါး၊
(၂) ကြေး၊
(၃) သံ၊
(၄) သွတ်၊
(၅) ဂျွတ်၊
အဂ္ဂိရတ်ဝေါဟာရ။
(၁) ပြဒါး၊
(၂) ကြေး၊
(၃) သံ၊
(၄) သွတ်၊
(၅) ဂျွတ်၊
အဂ္ဂိရတ်ဝေါဟာရ။
Subscribe to:
Posts (Atom)